မီးဘေးအသိ မီး‌ဘေးသတိရှိစေရေး အသိပေးနှိုးဆော်

ရေဦး ဖေဖော်ဝါရီ ၂၄

ပူးပြင်း‌သော နွေရာသီသို့ ကူး‌‌ပြောင်း‌ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးအတွက် ယနေ့နံနက် (၁၁) နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆာမူအဲကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုနိုင်ဦးဆောင်သော သန္ဓေတပ်ဖွဲ့၀င်များက မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပေးရာတွင် ဒေသခံပြည်သူများ အသုံးပြုလျက်ရှိသည့် လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဂက်စ်အိုးများ အသုံးပြုရာ၌ဖြစ်စေ၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်မီး၊ ထင်း၊ မီးသွေးများ အသုံးပြုရာ၌ဖြစ်‌စေ ပေါ့ဆစွာမသုံးဘဲ စနစ်တကျသုံးကြရန်နှင့် မီးကြွင်းမီးကျန်များမရှိစေရေး ရေဖြင့်သေချာစွာ ငြှိမ်းသတ်သွားကြရန်၊ နေအိမ်အတွင်းအပြင် သန့်ရှင်းစွာ ဆောင်ရွက်ထားရန်၊ အရေးပေါ်မီးငြှိမ်းသတ်ရေး ပစ္စည်းများ(သဲပုံး၊ ရေပုံး၊  ခိုင်ခံ့သော မီးချိတ်မီးကတ်၊ လှေကား) ထားရှိကြရန်၊ စက်ရုံအလုပ်ရုံများတွင် အရေးပေါ်သုံး မီးငြှိမ်းသတ်ဆေးဘူးများ ထားရှိကြရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်၍  အကူအညီတောင်းခံနိုင်ကြောင်း  လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ပြန်/ဆက်)