ငပုတောမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှု ပြီးဆုံးကြောင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ငပုတော ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြင်ခရိုင်ကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းဦးစီးဌာန ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှုပြီးဆုံးကြောင်း လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက အ‌ဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းကော်မတီဝင်တစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ခရိုင်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များက တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေကြသည်။ ဆက်လက်၍ မူကြိုကျောင်းကလေးငယ်များအား တာဝန်ရှိသူများက ကျောင်းပြီးဆုံးကျောင်း ဂုဏ်ပြုလွှာများပေးအပ်ပြီး ဧည့်သည်တော်များနှင့်အတူ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)