ဘိုကလေးမြို့နယ်တွင်းမှ ဆန်စက်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဆန်စက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ ပူးပေါင်းကာ ယနေ့နံနက် (၁၁)နာရီအချိန်၌ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် ဆန်စက်များအတွင်း လျှပ်စစ်သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများထားသိုသုံးစွဲမှု အခြေအနေများစစ်ဆေးကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)