ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားတိုးတက်ရေး ရုံးစာရေးသားနည်းသင်တန်း ဖွင့်လှစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ဝန်ထမ်းများ လုပ်ငန်းစွမ်ဆောင်ရည်မြင့်မားရေးနှင့် ရုံးလုပ်ငန်းများစနစ်ကျပြီး လျင်မြန်စွာဆောင်ရွက်နိုင်ရေး ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ရုံးစာရေးသားရခြင်း၏ ရည်ရွယ်ချက်များ၊ ရုံးစာရေးသားရာတွင်အခြေခံရမည့် အချက်(၄)ချက်၊ ရုံးစာရေးသားနည်း(၉)မျိုး၊ စာအထားအသိုနှင့်ခေါင်းစဉ်တပ်ခြင်းအကြောင်းများ သင်ကြားပေးခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ရုံးစာအမျိုးအစားအလိုက် နိဒါန်း၊ စာကိုယ်၊ နိဂုံး ရေးသားနည်းများ၊ ရုံးလုပ်ငန်းသဘောတရားများနှင့် အစည်းအဝေးကျင်းပခြင်း၊ မှတ်တမ်းတင်ခြင်း၊ ဝင်စာထွက်စာ၊ စာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်း စသည့်အကြောင်းအရာများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုံးစာရေသားနည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်ခရိုင်ရုံးနှင့်  စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်ရုံးများမှ သင်တန်းသား/သင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ(၂၄)ရက်မှ (၂၅)ရက်နေ့အထိ (၂)ရက်အကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)