ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့) ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယ​နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြည်ထောင်စုလွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဌာနဆိုင်ရာများအပါအဝင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘဟန်လမ်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွေးကောက်တင်မြှောက်ခြင်းခံရသော သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက ပြည်ထောင်စုလွှတ်တော် အတွေ့အကြုံရှင်းလင်းခြင်းနှင့် ဌာနဆိုင်ရာများအပါအဝင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ သဘာဝဘေးရေကြီး၊ ရေလျှံမှုအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ သဘာဝဘေးရေကြီး၊ ရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးနှင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အများပြည်သူဖတ်ရှုလေ့လာနိုင်ရေး လားရှိုးမြို့ မြို့မဈေးကြီး၌ အခမဲ့ဖြန့်ဝေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေးအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

အောင်လံမြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အောင်လံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂန့်ဂေါမြို့တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာ (၃) မိုင်မြို့၊ ပြည်သူ့ဆေးရုံ၊ကျောက်ကပ်ဆေးစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃) မိုင်မြို့ခုတင် (၂ဝဝ) ဆံ့ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် ကျောက်ကပ်ဆေးစက်နှင့် သွေးလှူဘဏ်ဌာနတွင်အသုံးပြုမည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၁၀) နာရီချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လပွတ္တာမြို့နယ်တွင် ရက် (၁၀၀) စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်ကွင်းဆင်း များဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကိုယနေ့ နံနက် (၉) နာရီအချိန်က၊ လပွတ္တာမြို့အမှတ် (၁) ရပ်ကွက်၊ ဇိနသီရိထွဋ်‌ခေါင် သာသနာ့အ‌‌လင်းရောင် ဘုရားကြီး တန်ဆောင်းနှင့်သာသနာ့ဗိမာန်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ကျေးရွာများမှ အဆိုပြုတင်ပြထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများရွေးချယ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် အိမ်မဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာများမှ အဆိုပြုတင်ပြထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ပန်ဆောင်မြို့၌ ရေမီတာသုံး ရေပေးဝေးရေးစနစ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ စည်ပင်သာယာရေးဦးစီးဌာနနှင့် စျေးကော်မရှင်ဝင်များ ရန်ပုံငွေဖြင့်စျေးတန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မြို့ဦးစီးမှူး ဦးပိုင်ဆူးကြိုးနှင့် ဝန်ထမ်းများကဆောင်ရွက်လျက်ရှိသည်။
Subscribe to