ချောက်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး (Talk Show) ကျင်းပ Read more about ချောက်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး (Talk Show) ကျင်းပ ချောက်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေး (Talk Show) ကျင်းပ ချောက် စက်တင်ဘာ ၁၆ မြို့နယ်(ပြန်/ဆက်)
ပြည်ကြီးတံခွန်မြို့နယ်မြို့ ပေါ်(၂)ရပ်ကွက်တွင် ပြည်သူများသို့ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက် Read more about ပြည်ကြီးတံခွန်မြို့နယ်မြို့ ပေါ်(၂)ရပ်ကွက်တွင် ပြည်သူများသို့ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆက်လက်ဆောင်ရွက် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်နှင့် တောင်မြင့်ရပ်ကွက်တို့၌ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဦးမြရာကြွယ် ဓမ္မာရုံနှင့် ဘာသာရေးစာသင်ကျောင်းတို့တွင် ရပ်ကွက်နေပြည်သူများသို့ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ပေးအပ် Read more about ဆင်ပေါင်ဝဲမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ပေးအပ် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများပေးအပ်ရာ ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ် အော်တိုအိတ်ချိန်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုအားကွင်းဆင်းစစ်ဆေး Read more about အင်္ဂပူမြို့ မြန်မာ့ဆက်သွယ်ရေးလုပ် အော်တိုအိတ်ချိန်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုအားကွင်းဆင်းစစ်ဆေး ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်းတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
သာစည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် Read more about သာစည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုတို့၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ပြွန်ကန်ကျေးရွာ၊ ဇီးပင်ပေါက်ကျေးရွာ၊ ရွာပုလဲကြီး ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ညောင်းရမ်းဈေးကျေးရွာနှင့် ညောင်ရမ်းမြို့မတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက် Read more about မင်းလှမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးမှုခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက မင်းလှမြို့ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ရပ်ကွက်)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး Read more about ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နေ့လယ်ပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ မြို့နယ်ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် Vinny Co.,Ltd မှ တိုက်ရိုက် မျိုးစေ့ချ ကိရိယာ (Drum Seeder)များကို ထုတ်လုပ်သည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် Read more about ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အက အလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကျင်းပ Read more about တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲကျင်းပ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၇)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် Read more about စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်း မတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။