ကော့သောင်းအကျဉ်းထောင်သို့ စာအုပ်၊ စာ‌ပေများလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် FED မြန်မာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့သောင်းအကျဉ်းထောင်သို့စာအုပ်၊ စာ‌ပေများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့‌သောင်းအကျဉ်းထောင်အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

လက်ပံတန်းမြို့၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှကျင်းပအပ်သော နိုင်ငံတော်အဆင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ကန်ကြီးလမ်း အောင်ရိပ်သာကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ဘိုကလေးမြို့နယ် ကြက်ခြေနီအသင်းခွဲတွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် အသင်းဝင် ကြက်ခြေနီ လူငယ်မောင်မယ်များ စွမ်းရည်မြင့်မားစေရေးအတွက် ဧပြီ (၂၀)ရက်နေ့ကစတင်၍ အခြေခံကွန်ပျူတာနှင့် အခြေခံအင်္ဂလိပ်စကားပြောသင်တန်း အခမဲ့ ဖွင့်လှစ် ပို့ချလျက်ရှိသည်။

ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ​အခြေခံ (English Grammar)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရန်နှင့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ အခြေခံ (English Grammar) ရေးသားနည်းသင်တန်းအား ယမန်နေ့ညနေ (၃) နာရီကစတင်၍ ဖွင်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။

ကျုံပျော်မြို့၌ “WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ်ဖွင့်ပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ အင်းရဲလမ်းဆုံတွင် ဆောင်ရွက်ထားရှိသည့် "WE LOVE KYONPYAW" မြို့ဝင်ဆိုင်းဘုတ်သစ် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။

သန်လျင်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက်ရှိသော အငြိမ်းစားဝန်ထမ်းများအား မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၁၅) စုအား ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ယနေ့နံနက် ၁၀ နာရီခွဲက ရွေ့လျားစာကြည့် တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး  အစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။

ပုသိမ်မြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်အစီအစဉ်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွှေမြင်တင်ကျေးရွာရှိ ကျွန်းခြား ကျောင်းတိုက် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to