ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ငဖဲမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို အခြေခံပညာအထက်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့နယ် ပဒါန်းအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရွှေမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၂၅-ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးအနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကကြီးမှူး ကျင်းပသော ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)ရှိ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက် (၉)နာရီက သရက်ခရိုင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင်တွင် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် “အိုဇုန်းလွှာကာကွယ်ရေး သိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံးမြှင့်တင် ဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကျင်းပခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၁၀) နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့အကြောင်း (Talk Show) ပြုလုပ်

မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ထိန်းသိမ်းရေးနေ့အကြောင်း (Talk Show) ပြုလုပ် မိုင်းဖြတ် စက်တင်ဘာ ၁၆ သန်းထွန်းအေး

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်လှူဒါန်းပွဲ ကျင်းပ

အများပြည်သူများ စာအုပ်စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ရည်ရွယ်ကာ အလှူရှင်များမှ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနထံသို့ စာအုပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက Community Center ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လင်းလက်တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြောက်ပြင်ဥပုသ်တော်ရပ်၊ ၇၆လမ်း၊ ၁ လမ်းနှင့် ၂ လမ်းကြားရှိ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ အ-ထ-က(ချည်စက်)၌ သင်ထောက်ကူပြပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အခြေခံပညာအထက်တန်းကျောင်း(ချည်စက်) တွင် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများပူးပေါင်း၍  သင်ထောက်ကူပြပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to