လားရှိုး ဧပြီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေးအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) နှင့် လားရှိုးခရိုင်ရုံးမှဝန်ထမ်းများက ငလျင်ဖြစ်ပွားစေတတ်သည့်အကြောင်းအရင်းများ၊ ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင်လိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်နှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်နေစဉ်အဆောက်အအုံအတွင်းရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများ၊ အဆောက်အအုံအပြင်တွင်ရှိပါက လိုက်နာဆောင်ရွက်ရန်နည်းလမ်းများနှင့် ငလျင်ပမာဏ ရစ်ချ်တာစကေးအလိုက်သက်ရောက်မှုရှိနိုင်ခြေများစသည့် အကြောင်းအရာများပါဝင်သည့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား အများပြည်သူဖတ်ရှုလေ့လာနိုင်ရေး မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်းဈေးဝယ်ပြည်သူများ လက်ဝယ်သို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)