အိမ်မဲမြို့နယ်တွင် ကျေးရွာများမှ အဆိုပြုတင်ပြထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများရွေးချယ်

အိမ်မဲ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် အိမ်မဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာများမှ အဆိုပြုတင်ပြထားသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများရွေးချယ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က စီမံကိန်းကျေးရွာ ရွေးချယ်ရာတွင် အခြေခံမူများ၊ စီမံကိန်းကျေးရွာ ရွေးချယ်ခြင်းမပြုရမည့်ကျေးရွာများစသည်တို့အား ရှင်းလင်းပြောကြားပြီး၊ အိမ်မဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက ရှင်းလင်း တင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကျေးရွာ ()ရွာအား ရွေးချယ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အိမ်မဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

ျစ်သက်လယ်(အိမ်မဲ)