စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (Women Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။