ဂန့်ဂေါ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ မြစ်သာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင်ကိုကိုက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များအား အသိပညာပေးဆွေးနွေးခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးဇင်ဘုန်းနိုင်နှင့် မြို့နယ်တရားသူကြီး ဦးအောင်ဘိုဘိုဇော်တို့မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများနှင့် ဌာနဆိုင်ရာများမှသိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြို့ပေါ်ရပ်ကွက်များ မှပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း