သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး စသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျားရာသီပေါ် သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၂၁ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများ အတွေ့အကြုံဗဟုသုတရရှိစေရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့ အကြုံရှင်းလင်းပွဲကို ဧပြီလ ၂၁ ရက် နံနက် ၉ နာရီက ရှမ်းပွဲရပ်ကွက်၊ မြို့နယ်ရာပြည့်သာသနာ့ ဗိမာန်တွင် ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ဆီဆိုင်များတွင် စက်သုံးဆီများ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်သုံးဆီဆိုင်များအနေဖြင့် မော်တော်ယာဉ်များ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စက်သုံးဆီများ ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ စက်သုံးဆီဝယ်ယူကြသူများအနေဖြင့် စနစ်တကျ ဝယ်ယူစေရေး၊ ဆီတန်းစီဝယ်ယူမှုကြောင့် လမ်းပိတ်ဆို့ခြင်း၊ သတ်မှတ်ချက်များနှင့် မလျော်ညီစွာ ဝယ်ယူခြင်းစသော မလိုလားအပ်သည့် အခြေအနေများ မဖြစ်ပွားစေရေး၊  စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက်စက်သုံးဆီရောင်းချနေမှုများကို ယနေ့နံနက်ပိုင်းက စက်သုံးဆီဆိုင်များသို့ လှည့်လည် ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင် (ပြင်ပ) ထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကျင်းပ

အလုပ်သမား၀န်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုငွေထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ယနေ့နံနက် ၁၀ နာရီတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လမ်းဘေးဝဲ/ယာတွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်

လမ်းဘေးဝဲ/ယာတွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ကန့်ဘလူမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူး ဦးလေးဆွေနှင့်ဝန်ထမ်းများက ဧပြီ ၂၁ ရက်နံနက် ၁၀ နာရီက အမှတ် (၃)ရပ်ကွက်၌ အသက် ၁၀ နှစ်မှ ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ တစ်ပိုင်တစ်နိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နှစ်ရှည်ပင်ဖြစ်သည့် ကီလိုမာလကာကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိကြကြောင်း သိရသည်။
Subscribe to