လပွတ္တာ (၃) မိုင်မြို့၊ ပြည်သူ့ဆေးရုံ၊ကျောက်ကပ်ဆေးစက်၊ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

လပွတ္တာ ဧပြီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃) မိုင်မြို့ခုတင် (၂ဝဝ) ဆံ့ပြည်သူ့ဆေးရုံတွင် အသုံးပြုမည့် ကျောက်ကပ်ဆေးစက်နှင့် သွေးလှူဘဏ်ဌာနတွင်အသုံးပြုမည့် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယ‌နေ့နံနက် (၁၀) နာရီချိန်က လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးလွင်ကိုဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးခုတင် (၂၀၀) ဆေးရုံအတွက်အသုံးပြုရန် Air Con (၂) လုံး၊ ကျောက်ကပ် ဆေးစက်နှင့် သွေးလှူဘဏ်ဌာနတွင်အသုံးပြုမည့်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ကျောက်ကပ်သန့်စင်ဆေးကုသပေးခြင်းအတွက် လှူဒါန်းငွေများပေးအပ်လှူဒါန်းခဲ့ကြကာ အလှူရှင်များအားဂုဏ်ပြုမှတ် တမ်းလွှာများပြန်လည် ​ပေးအပ်ခဲ့ပြီး ဧရာဝတီဆိပ်ခံတံတားအား ပြန်လည်တည်ဆောက်ရာတွင် လှူဒါန်းခဲ့ကြသည့် အလှူရှင်များနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းတွင် စွမ်းစွမ်းတမံပါဝင်  ဆောင်ရွက်ပေးခဲ့သည့် မြို့မိမြို့ဖဦးဝင်းမောင် အားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ရာ ခရိုင်ဆေးရုံအုပ်ကြီး Dr သီတာအောင်နှင့် မြို့မိမြို့ဖ ဦးဝင်းမောင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)