လပွတ္တာ၊ ဧပြီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique ID နံပတ်ထုတ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က၊ လပွတ္တာမြို့အမှတ် (၁) ရပ်ကွက်၊ ဇိနသီရိထွဋ်ခေါင် သာသနာ့အလင်းရောင် ဘုရားကြီး တန်ဆောင်းနှင့်သာသနာ့ဗိမာန်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာခရိုင်ဦးစီးမှူး ဒေါ်ပပဝင်းနှင့် မြို့နယ် ဦးစီးအရာရှိ ဦးခင်မောင်လင်း၏ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ ကျေးစာရေးများက အသက် (၁၀) နှစ်ပြည့်၊ (၁၈)နှစ်ပြည့်ပြီး သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအားလုပ်ထုံးလုပ်နည်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ထို့သို့ဆောင်ရွက်နေမှုများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစံရင်မော်နှင့်အဖွဲ့များ၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီးအမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းနှင့်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)