မင်္ဂလာတောင်ညွန့်မြို့နယ် (Community Centre) ခန်းမ၌ ပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်

မင်္ဂလာတောင်ညွန့် ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်က ပန်းချီရေးဆွဲနည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက ပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ပေးခြင်၏ ရည်ရွယ်ချက်များရှင်းပြောကြားခြင်းနှင့် သင်တန်းသူ၊ သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြု၍ သင်ကြားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပန်းချီဆရာမမေ (ရန်ကုန်)က ပန်းချီသင်တန်းတွင်သင်ကြားမည့် ခေါင်းစဉ်များအ​ကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း ပြောကြာပြီး ပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းသား/သူများအား သင်တန်းနည်းပြမှပန်းချီ‌ရေးဆွဲနည်းသင်တန်းကို ပို့ချသင်ကြားခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့ထိဖြစ်ကြောင်း သတင်းရရှိပါသည်။

မြတ်မြတ်အေး