ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်သင်ကြား

ဟိုပုံး ဧပြီ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ကွန်ပျူတာနည်းပညာရပ်များ တတ်မြောက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

ကျောင်းသား၊ ကျောင်းသူလူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုရန် အိုင်စီတီနည်းပညာများဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ခေတ်မီနည်းပညာရပ်များကို အသုံးချပြီး မိမိတို့၏ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန်၊ ကျောင်းပိတ်ရက်များ တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ချက်များဖြင့် သင်တန်းများဖွင့်လှစ် ပေးရခြင်းဖြစ်ပြီး အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံစနစ်များ၊ စာစီစာရိုက် နည်းပညာများ၊ Internet နှင့် Email အသုံးပြုနည်းများစသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင်  ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးအား တာဝန်ရှိသူများက ရက်သတ္တလေးပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)