ရွှေတောင် ဧပြီ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အခမဲ့စမ်းသပ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆေးကုသပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးသန့်ဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါအစရှိသော ရောဂါများကို အခမဲ့စမ်းသပ်ကုသပေးခြင်းနှင့် အခမဲ့ဆေးဝါးများပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို နံနက် (၉) နာရီအချိန်မှ ညနေ (၄) အချိန်ထိ အခမဲ့ ဆေးကုသပေးလျက်ရှိပြီး လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်ထံမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)