ကြံခင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ် ပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တစ်မြို့နယ်လုံး ဘေးအန္တရာယ်ကင်းဝေးစေရန် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် ကမ္မဝါစာများရွတ်ဖတ်ပူဇော်ခြင်းကို  မြန်မာနှစ်ဆန်းနှစ်ရက်နေ့  ညနေ (၄) နာရီအချိန်က ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ  လမ်းများ၊ လမ်းဆုံ၊ လမ်းထိပ်များတွင်  ရွတ်ဖတ်ပူဇော်ကြသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အောင်လံမြို့နယ်ရှိ အခြေခံစာတတ် မြောက်ရေးသင်တန်းများနှင့် နွေရာသီသင်တန်းများအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်အတွင်းရှိ အောင်လံမြို့နယ်၊ ပြလို့မြို့နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ၊ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေး အတွက် စာသင်ဝိုင်းနှင့် နွေရာသီသင်တန်းများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တာဝန်ရှိသူတို့က သဘာဝဘေးသင့် သေဆုံးပြည်သူတစ်ဦးအတွက် ထောက်ပံ့ကြေးငွေပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ညနေ (၄) နာရီခွဲက သဘာဝဘေး (မိုးကြိုးစက်ကွင်း) ထိမှန်သေဆုံးသွားခဲ့သည့် ပြည်သူတစ်ဦး၏မိသားစုထံ အသက်ဆုံးရှုံးမှုအတွက် ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြသည်။

ဖျာပုံမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဘောင်ပျိုးစိုက်စနစ် စံပြကွက်ရိတ်သိမ်းပွဲပြုလုပ်

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ ကွင်းအမှတ် (၄၅၇-A)၊ ဦးပိုင်အမှတ် (၂၆/၇)၊ တောင်သူ ဦးနေမျိုးဝင်း၏ လယ်မြေ ဧရိယာ (၃)ဧကပေါ်တွင် နယူးဧရာ-၁ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဘောင်ပျိုးစိုက် စနစ် စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ကြသည်။

နောင်ချိုမြို့၌ မြန်မာရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းနှင်အညီ အသက် (၇၀) နှစ်အထက် သက်ကြီးဘိုးဘွားများ ဂါရဝပြုကန်တော့ပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက် အကွက်၂ ပရိတ်မဏ္ဍပ်၌ အသက် ၇၀ နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာယဥ်ကျေးမှုထုံးတမ်းစဥ်လာအရ  သက်ကြီး ဘိုးဘွားဂါရဝပြုကန်တော့ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ နှစ်ဦးအကြို စုပေါင်းအာဟာရဒါန စတုဒိသာကျွေးမွေးရေးပွဲတော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ဘုရားကြီးကွက်သစ်(ဘီ)လမ်းမိသားစုက နှစ်စဥ်ပြုလုပ်မြဲဖြစ်သည့် နှစ်သစ်ဦးအကြို စုပေါင်းအာဟာရဒါန စတုဒိသာကျွေးမွေးရေးပွဲတော်ကို ယမန်နေ့ညနေ (၄)နာရီက စတင်၍ အဆိုပါလမ်းတစ်လျှောက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၇)ရွာမှ လူနေအိမ်(၄)လုံးပြိုကျခဲ့ပြီး လူနေအိမ်(၂၅)လုံးအမိုးလန်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ယမန်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်၍ မိုးရွာသွန်းမှုကြောင့် ရွာမကောကျေးရွာ၊ ညောင်အင်းကျေးရွာ၊ မကျီးပင်ပုကျေးရွာ၊ ရွာမှတ်ကျေးရွာအုပ်စုတို့မှ လူနေအိမ်(၄)လုံးပြိုကျခဲ့ပြီး လူနေအိမ်(၂၅)လုံး အမိုးလန်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းကြံ့ခိုင်မှုရှိစေရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ပုံမှန်ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။

သာပေါင်းမြို့နယ်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း(၃၄)ကျောင်း တို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၆၀) ကျော်တို့ မြို့တွင်းလှည့်လည် အပူဇော်ခံဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီလ ၁၇ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့က ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ လောင်းလှူပူဇော်လျက်ရှိကြသည်။
Subscribe to