သာပေါင်းမြို့နယ်တွင် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပ

သာပေါင်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း(၃၄)ကျောင်း တို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၆၀) ကျော်တို့ မြို့တွင်းလှည့်လည် အပူဇော်ခံဆွမ်းဆန်တော်လောင်းလှူပွဲကို ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီလ ၁၇ ရက်နေ့တွင် ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းတို့က ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် ဆွမ်းဆန်တော်များ လောင်းလှူပူဇော်လျက်ရှိကြသည်။

ထိုသို့ နှစ်စဉ်နှစ်တိုင်း ‌မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် လောင်းလှူပူဇော်နေကြ ဆွမ်းဆန်တော် လောင်းလှူ ပူဇော်ပွဲကို အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းရှိ ဝိသုဒ္ဓါရာမ မြို့မမင်းကျောင်းတွင် စုရပ်ပြုပြီး နေ့လယ် ၂ နာရီခန့်မှ စတင်၍ ဘုရားအမှူးပြု၍ ဘုန်းကြီးကျောင်း(၃၄)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေ၊ သီလရှင်အပါး (၁၅၆၀) ကျော်တို့က မြို့တွင်းလမ်းတိုင်သို့ ကြွ‌ရောက်အပူ‌ဇော်ခံကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဝန်ထမ်းမိသားစုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ၊ ဌာနဆိုင်ရာများ၊ သဒ္ဓါကြည်လင်ကြကုန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအလှူရှင်အပေါင်းတို့က ဘာသာသာသနာအဓွန့်ရှည်တည်တန့်ခိုင်မာစေရေး စိတ်ရည်သန် ရည်စူး၍ သဒ္ဓါထက်သန်စွာ ဆွမ်းဆန်တော်များနှင့် လှူဖွယ်အစုစုတို့ကို နည်းများမဆို ပါဝင်လောင်းလှူပူဇော်နေကြ ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်