ကြံခင်း ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် တစ်မြို့နယ်လုံး ဘေးအန္တရာယ်ကင်းဝေးစေရန် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် ကမ္မဝါစာများရွတ်ဖတ်ပူဇော်ခြင်းကို မြန်မာနှစ်ဆန်းနှစ်ရက်နေ့ ညနေ (၄) နာရီအချိန်က ရွှေတောင်စုရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များရှိ လမ်းများ၊ လမ်းဆုံ၊ လမ်းထိပ်များတွင် ရွတ်ဖတ်ပူဇော်ကြသည်။
ကြံခင်းမြို့နယ်အတွင်း နှစ်စဉ်မြန်မာနှစ်ဆန်းနှစ်ရက်နေ့ အစဉ်အလာမပျက် အန္တရာယ်ကင်းပရိတ်တရားရွတ်ဖတ်ပွဲများကို သံဃနာယကဥက္ကဋ္ဌဆရာတော်ဦးဆောင်ပြီး ဂိုဏ်းပေါင်းစုံမှဆရာတော် သံဃာတော်များက မြို့နယ်အတွင်း လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ်ခဲ့ကြပြီး၊ ဒေသနေပြည်သူများက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူကြကာ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)