မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် အောင်လံမြို့နယ်ရှိ အခြေခံစာတတ် မြောက်ရေးသင်တန်းများနှင့် နွေရာသီသင်တန်းများအား ကြည့်ရှုအားပေး

အောင်လံ ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်အတွင်းရှိ အောင်လံမြို့နယ်၊ ပြလို့မြို့နယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ၊ ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေး အတွက် စာသင်ဝိုင်းနှင့် နွေရာသီသင်တန်းများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များ၊ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက ကြည့်ရှုအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးစာသင်ဝိုင်းများအတွက် ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အခြေခံစာစဉ်များ  သင်နည်းလမ်းညွှန် ၂၀၂၄ ခုနှစ်မှ အခြေခံ (သင်္ချာ)၊ အခြေခံ (မြန်မာစာ) စသည်များသင်ကြားပေးလျက်ရှိသည်။

အဆိုပါစာသင်ဝိုင်းများကို ဧပြီ ၆ ရက်မှ မေ ၁၅ ရက်ထိ ရက်ပေါင်း ၄၀ ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး နည်းပြဆရာ/ဆရာမ ၄ ဦး၊ ကြီးကြပ် ၂ ဦးတို့က သင်ကြားပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)