ဖျာပုံမြို့၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဘောင်ပျိုးစိုက်စနစ် စံပြကွက်ရိတ်သိမ်းပွဲပြုလုပ်

ဖျာပုံ ဧပြီ ၁၉

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ ကွင်းအမှတ် (၄၅၇-A)၊ ဦးပိုင်အမှတ် (၂၆/၇)၊ တောင်သူ ဦးနေမျိုးဝင်း၏ လယ်မြေ ဧရိယာ (၃)ဧကပေါ်တွင် နယူးဧရာ-၁ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဘောင်ပျိုးစိုက် စနစ် စံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်ကြသည်။
အဆိုပါ နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ဘောင်ပျိုးစိုက်စနစ် စံပြကွက် ရိတ်သိမ်းပွဲပြု လုပ်ရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ် အေးအေးခိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးနှင့် ခရိုင်/မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုအဖွဲ့ဝင် များ၊ ဒေသခံတောင်သူများသည် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ ကွင်းအမှတ် (၄၅၇-A)၊ ဦးပိုင်အမှတ် (၂၆/၇)၊ တောင်သူ ဦးနေမျိုးဝင်း၏ လယ်မြေဧရိယာ (၃)ဧကပေါ်တွင် နယူးဧရာ-၁ နွေစပါးဘောင်ပျိုးစိုက်စနစ် စံပြကွက်မှ စပါးရိတ်သိမ်းရာသို့ တက်ရောက်ကြည့်ရှုအားပေးကြရာ နယူးဧရာ-၁ စပါး တစ်ဧကလျှင် စပါးတင်း (၂၀၅) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)