နောင်ချိုမြို့၌ မြန်မာရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းနှင်အညီ အသက် (၇၀) နှစ်အထက် သက်ကြီးဘိုးဘွားများ ဂါရဝပြုကန်တော့ပွဲကျင်းပ

နောင်ချို ဧပြီ ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက် အကွက်၂ ပရိတ်မဏ္ဍပ်၌ အသက် ၇၀ နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာယဥ်ကျေးမှုထုံးတမ်းစဥ်လာအရ  သက်ကြီး ဘိုးဘွားဂါရဝပြုကန်တော့ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကန်တော့ပွဲကို နမောတဿ ၃ ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး အဘိုးအဘွားများအား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဂုဏပူဇာကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ပြီး အဘိုးအဘွား ၅၆ ဦးအား တစ်ဦးလျှင် ငွေကျပ်၂၅၀၀၀/-နှုန်း ကန်တော့ပေးအပ်လှူဒါန်းခဲ့ပြီး အဘိုးအဘွားများကိုယ်စား အဘိုးဦးလှဒန်က ဆုပေးစကားပြောကြားခဲ့သည်။ နောင်ချိုမြို့နယ်တွင် နှစ်စဥ်နှစ်ဆန်းတစ်ရက်နေ့၊ နှစ်ဆန်းနှစ်ရက်နေ့များတွင် သက်ကြီးဘိုးဘွား ဂါရဝပြုကန်တော့ခြင်းကို ရပ်ကက်ကျေးရွာများအလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး ကန်တော့ခံကြွရောက်နိုင်ခြင်းမရှိသော အဘိုးအဘွားများအား အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြုကန်တော့ကြောင်း သိရသည်။

ထွေးငယ်၊ ပြန်ဆက်