သာပေါင်းမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

သာပေါင်း ဧပြီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဧပြီလ ၁၇ ရက်နေ့၊ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။

အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားတွင် ကြွရောက်လာကြသော ဆရာတော်၊ သံဃာ‌တော်ကြီးများထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုး၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိန်ဆန်းနှင့် ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် အမှတ်(၁)ရပ်ကွက်၊ကညင်ချောင်း ဓမ္မဗိမ္မာန်ကျောင်းတိုက်၏ ဦးစီးပဌာန၊နာယက ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်နှင့်ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖက်ချီးမြှင်ကြရာ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြပြီးနောက် ရေစက်သွန်ချအမျှအတန်းပေးဝေခဲ့ကြပြီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်၊အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင် (၂) ဦးကျော်တိုး၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့် ဌာနဆိုင်ရာတို့က လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သံဃာတော်များပင့်ဖိတ်၍ လမ်းဆုံလမ်းမများတွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်နာယူလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်