သံတောင်ကြီးမြို့တွင် (၂၉)ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲ ကျင်းပ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် နော်ဘူဘောဆုတောင်းတောင် ကော်မတီများမှ ဦးဆောင်၍ (၂၉) ကြိမ်မြောက် နော်ဘူဘောဆုတောင်းတောင် နှစ်ပတ်လည်နေ့ အထိမ်း အမှတ် ဘော်လီဘော ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၃) နာရီအချိန်က သံတောင်ကြီးမြို့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။