မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။

ပိုင်ကျုံမြို့ရုံးတွင် ကျောင်းသားလူငယ်များ အချိန်ကိုအသုံးချတတ်စေရေး ပြိုင်ပွဲများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ရှိ ကျောင်းသားလူငယ်များအား ကျောင်းပိတ်ချိန် ကာလတွင် အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်လာစေရေးနှင့်  ကာယ/ဉာဏစွမ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယမန်နေ့က ပြိုင်ပွဲများ ဆောင်ရွက်ခဲ့သည်။

နွားထိုးကြီးမြို့တွင် စူဠဘွဲ့နှင်းသဘင် အောင်လက်မှတ် ကပ်လှူပွဲကျင်းပ

နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလယ်ကျောင်းတိုက် သီရိအောင်လှိုင် ဓမ္မဗိမာန်၌  ယမန်နေ့နံနက် ၉ နာရီက ၂၀၂၃ ခုနှစ်တွင် ကျင်းပသော ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ပူဇော်သည့်စူဠဘွဲ့နှင်းသဘင် အောင် လက်မှတ် ကပ်လှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်ခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟင်္သာတခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန "သန္တိသုခဓမ္မာရုံ"ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငန်းတေးဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ဝန်းထမ်းအိမ်ရာဝန်းအတွင်းရှိ “သန္တိသုခဓမ္မာရုံ”၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှုရှင်များနှင့် ဖိတ်ကြား​ထားသော ဧည့်သည်တော်များ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အလှူငွေနှင့် စာအုပ်စာစောင်များ လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်

နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းသာ၌ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ရှေးဦးပြုစုခြင်းအခြေခံအဆင့်(အကျဉ်းချုံး) သင်တန်းအား ယနေ့နံနက် ၇ နာရီက ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ရုံး၌ ဖွင့်လှစ်သင်ကြား ခဲ့ကြောင်း သိရသည်။
Subscribe to