မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တာဝန်ရှိသူတို့က သဘာဝဘေးသင့် သေဆုံးပြည်သူတစ်ဦးအတွက် ထောက်ပံ့ကြေးငွေပေးအပ်

လင်းခေး ဧပြီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ညနေ () နာရီခွဲက သဘာဝဘေး (မိုးကြိုးစက်ကွင်းထိမှန်သေဆုံးသွားခဲ့သည့် ပြည်သူတစ်ဦး၏မိသားစုထံ အသက်ဆုံးရှုံးမှုအတွက် ထောက်ပံ့ကြေးငွေ သွားရောက်ပေးအပ်ခဲ့ကြသည်။

အဆိုပါအသက်ဆုံးရှုံးမှုဖြစ်စဥ်မှာ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာ၌ (၁၈--၂၀၂၄) မွန်းလွဲ ၄ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းချိန် (မိုးကြိုးစက်ကွင်း)ထိမှန်ကာ ဒါးဆိပ်ကျေးရွာနေ (စိုင်း ..........) (၃၉နှစ်သည် ဖြစ်စဥ်နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါဖြစ်စဥ်အရ လင်းခေးမြို့နယ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ အဖွဲ့ဝင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်လွင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်သွယ်သွယ်ဦး (ဦးစီးအရာရှိ) နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ၄င်းမိသားစုဝင်ထံလက်ဝယ်အရောက် သဘာဝဘေးကြောင့် အသက်ဆုံးရှုံးမှုထောက်ပံ့ကြေးငွေကျပ် () သိန်းအား သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းခေးသား