မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်၊ မြို့နယ်လျှပ်စစ်မှူး ဦးဟန်ဆွေနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ အောင်သင်း၏ "မျိုးဆက်သစ်ရဲ့မဟာမိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ် ကောင်းမွန်ရေးအတွက် မြို့နယ်လျှပ်စစ်၏ ဓာတ်အားပေးခွဲရုံ နယ်မြေအတွင်း ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 11 KV ဓာတ်အားလိုင်းအား ပြုပြင်ထိန်းသိမ်းခြင်းကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကလောမြို့နယ်၌ ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ကလောမြို့နယ်၌ ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ကျင်းပ ကလော ဧပြီ ၁၀ ကျော်ဝင်း(ပြန်/ဆက်)

သဲကုန်းမြို့နယ်၌ နွေရာသီအခြေခံအေရိုးဗစ် သင်တန်းအမှတ်စဥ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့တို့ ပူးပေါင်း၍ နွေရာသီအခြေခံအေရိုးဗစ် သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း) သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်လျက်ရှိ

မွန်ပြည်နယ် မုဒုံမြို့၌ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဗဟိုရေကစားမဏ္ဍပ်ကို မြို့မ (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့တွင်း၌ ဆောက်လုပ်လျက်ရှိသည်။

သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်းနှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းအဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ရွာမတောင်ရပ်ကွက် အေးသန်းဆန်စက်ဝန်းအတွင်း ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေး သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်သူရနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်စာတတ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရ၊ အတွင်းရေးမှူး မြို့နယ်ပညာရေးမှူးဦးသိန်းဒန်နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်ပညာရေးမှူး ဉီးမြင့်ဆွေတို့သည် ညောင်ခြေထောက်ကျေးရွာ အခြေခံစာတတ်မြောက်ရေး သင်ကြားဆောင်ရွက်နေသည့် စာသင်ဝိုင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုလိုက်နာ ရှောင်ကြဉ်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲခန့်က ကျိုက်လတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် လမ်းဆုံ လမ်းခွနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Subscribe to