စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၅ ခုနှစ်၊ ၂၀၂၄ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅ ခုနှစ်၊ ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟို မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ကန်သာယာကန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဇနီး၊ တိုင်းဒေသကြီး တရာသူကြီးချုပ် ဦးဇော်ထူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ နိုင်ငံကျော်အနုပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ ယိမ်း အကအဖွဲ့များနှင့် မြို့နေပြည်သူများ တက်ရောက်ကြသည်။

စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက ဧရာဝတီကမ်းနားလမ်း(ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်တွင် မဟာသင်္ကြန်အကြိုနေ့ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများတွင် ဥပုသ်သီလခံယူ ဆောက်တည်သူ များပြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်နှင့် ဓမ္မာရုံများ၌ မဟာသင်္ကြန် နှစ်ကူးကာလတွင် သင်္ကြန်အကြိုနေ့ နံနက်(၈)နာရီခွဲမှစတင်ကာ ပြည်သူများအေးချမ်းစွာဖြင့် ဥပုသ်သီလ ခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ်လျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ မိုးရွာသွန်းပြီ မိုးသီးများကျ၊ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနေအိမ်နှင့် ဆိုလာပြားများ ပျက်စီးမှုဖြစ်ပွား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ဧပြီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မိုးရွာသွန်းပြီ မိုးသီးများကျ၊ လေပြင်းတိုက်ခတ်မှုကြောင့်ရှားတောကျေးရွာ၊ ဆင်သေချောင်းအနီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန (ရုံးချုပ်)မှ ဆောင်းနှင့်နွေရာသီတွင် ရေပေးဝေနိုင်ရေး ဆောင်ရွက်ထားသည့် ရေတင်ဆိုလာ ပြားများမှ ဆိုလာပြား ခုနှစ်ချပ် လန်ကျပျက်စီးခဲ့သည်။

ပေါင်းတည်မြို့၌ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ မွန်းလွဲ ၃ နာရီခွဲက စျေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်း၊ သိကျမုနိမိုဃ်းကောင်းဘုရားကြီးရှေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်(အကြိုနေ့)တွင် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၅ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက် ယမန်နေ့က မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အကြိုနေ့ နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် အဟာရဒါနဖြစ်သည့် စတုဒိသာ ကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက် မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ အတာသင်္ကြန်အကြိုနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

ပေါင်မြို့နယ်တွင် သင်္ကြန်အကြိုနေ့၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ် ကုန်းကျေးရွာ၌ မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာလူငယ်အဖွဲ့မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဆွေ၊ ကျေးရွာရပ်မိရပ်ဖများ၊ သက်ကြီးဘိုးဘွားများ၊ ကျေးရွာ​ပြည်သူများ၊ ကျေးရွာဝတ်ရွတ်အသင်းနှင့် ကျေးရွာလူငယ်များ တက်ရောက်ကြသည်။
Subscribe to