ကျောက်ဖြူမြို့၌ ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအား ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရခိုင်ရိုးရာနံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျောက်ဖြူမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရိုးရာအစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

အလုံမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၊ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အလုံမြို့နယ်၊ စောတောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ ရွှေလုံမောင်-မယ်ရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ခိုကဲကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဖြူးမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (၃)လစာ ဆန်ရိက္ခာများ ထောက်ပံ့ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ရေးအဆင်ပြေစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော လူတစ်ဦးလျှင် ဆန်နို့ဆီဘူး (၂)ဘူးနှုန်းဖြင့် (၃)လစာ ဆန်ရိက္ခာများအား ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ မွန်းလွဲ (၂)နာရီက ရွှေမေတ္တာတန် (၆၀)ဆန်စက်တွင် စုရပ်ထား၍ သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

မိုင်းပန်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ မိုင်းပန် ဧပြီ ၁၃ မြို့နယ် (ပြန်/ဆက်)

ဒလမြို့နယ်တွင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌  မဟာသင်္ကြန်ကာလအတွင်း နေရပ်ပြန် ပြည်သူများဖြင့် စည်ကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေးဒရဲတံတားမှ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရပ်သို့ ပြန်လည်ဝင်ရောက်လာသည့် ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွားဧည့်သည် တစ်သိန်းကျော် ဝင်ရောက်လည်ပတ်လျက်ရှိ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်ကာလအတွင်း လာရောက်တည်းခိုနေထိုင်သူ ခရီးသွားဧည့်သည်များ များပြားသောကြောင့် သင်္ကြန်အကြိုရက်မှစတင်၍ ဟိုတယ်၊ မိုတယ် ၉၀ လုံးပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရှိရသည်။

မန္တလေးမြို့ မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်အတာသင်္ကြန် (အကြိုနေ့) ကို ယနေ့နံနက်ပိုင်းက အေးချမ်းပျော်ရွှင်စွာ ကျင်းပဖွင့်လှစ်ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်ရုံးတွင် မြန်မာ့ရိုးရာသင်္ကြန်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ်

ကျောက်တံတားမြို့နယ်ရုံးတွင် မြန်မာ့ရိုးရာသင်္ကြန်အကြောင်း သိကောင်းစရာ Talk Show ပြုလုပ် ကျောက်တံတား ဧပြီ ၁၃ ရဲနောင်ချစ်
Subscribe to