ပျဉ်းမနားမြို့နယ်၊ ပုရွက်ဆိတ်ကုန်းကျေးရွာ၌ ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ် ကုန်းကျေးရွာ၌ မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာလူငယ်အဖွဲ့မှ ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဆွေ၊ ကျေးရွာရပ်မိရပ်ဖများ၊ သက်ကြီးဘိုးဘွားများ၊ ကျေးရွာ​ပြည်သူများ၊ ကျေးရွာဝတ်ရွတ်အသင်းနှင့် ကျေးရွာလူငယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးဆွေနှင့် ကျေးရွာရပ်မိရပ်ဖ ဦးဝင်းနိုင်တို့က ဆဋ္ဌမအကြိမ်မြောက် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး အမှာစကားပြောကြားကြသည်။

ယင်းနောက် ကျေးရွာလူငယ်အဖွဲ့ကိုယ်စား ဦးကျော်ဆန်းက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာ​ပြည်သူများ၊ ကျေးရွာ လူငယ် အဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာဝတ်ရွတ်အသင်းမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ အသက် ၈၀ နှစ်နှင့်အထက် အဘိုးအဘွားများအား ကန်တောချိုးဖြင့် ပူဇော်ကန်တော့ကြပြီး အသက် ၈၀ နှစ်နှင့်အထက် အဘိုး ၁၈ ဦး၊ အဘွား ၅၃ ဦး စုစုပေါင်း အဘိုးအဘွား ၇၁ ဦးတို့အား မြန်မာ့ ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ခဲ့ ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)