မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ဗိုလ်ချူပ်ကျောက်တိုင်ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကြိုနေ့ ယမန်နေ့ ညနေ(၄)နာရီက အဆိုပါမဏ္ဍပ်၌ ဖွင့်လှစ်ခဲ့ကြပြီး သပြေခက်နှင့် အတာရေစင်သွန်းလောင်းပက်ဖျန်း၍ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ဆင်နွဲခဲ့ကြသည်။

ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေစည်းခုံဘုရားကြီးအနီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအနီး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ကျောက်တံတားမြို့နယ်တွင် ပိတောက်ရွှေဝါရေကစားမဏ္ဍ့ပ်ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသကြန်ပွဲတော် ပိတောက်ရွှေဝါရေ ကစားမဏ္ဍ့ပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ အဆိုပါ မဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တောင်ကုတ်မြို့၌ မဟာသင်္ကြန်အကြိုနေ့ တန်ခိုးကြီးဘုရားများ၌ ရေသပ္ပါယ်ကောင်းမှုကုသိုလ်ပြု သူများဖြင့်စည်ကား

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှစတင်၍ တောင်ကုတ်မြို့ပေါ်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ် ကာကောင်းမှုကုသိုလ် ပြုလုပ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် “ရွှေသာစည်” ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ ညနေ ၄ နာရီက သာစည်မြို့ စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး အဆိုပါမဏ္ဍပ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။

သာယာဝတီမြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီက သာယာဝတီမြို့နယ် လွတ်လပ်ရေးကျောက်တိုင်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့် ထုံးတမ်းစဥ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမရှေ့ ပြည်သူ့ပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ ၃၀ အချိန်က မြန်အောင်မြို့ ပြည်သူ့ ရင်ပြင်ရှေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူး ဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to