ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း(မန္တလေး)မှ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း၊ ပထမနှစ်(၁/၂၀၂၄) ပညာသင်နှစ်သင်တန်းသူများ၏ (၁၁)ကြိမ်မြောက် ဦးဆောင်းပေးအပ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ သားဖွားသင်တန်းကျောင်းခန်းမတွင် မေလ (၃) ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ သူနာပြုတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဌာနမှူးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများနှင့် သူနာပြုအုပ်ကြီးများ၊ သူနာပြုအုပ်များ၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။