ဘိုကလေးမြို့နယ်မှ လယ်ယာမြေစိုက်ပျိုးသူများ မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်သစ်စိမ်း မြေဩဇာ စိုက်ပျိုးသင့်
လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ရာ ဘိုကလေးမြို့နယ်၏ လယ်ယာမြေများသည် ကုန်းဆန်သည့် သဘောသက်ရောက်သဖြင့် လယ်ယာမြေစိုက်ပျိုးသော တောင်သူများအနေဖြင့် မိမိတို့ လယ်ယာမြေအတွင်း၌ မိုးစပါးမစိုက်ပျိုးခင် ကြားကာလ၌ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ စိုက်ပျိုးသင့်ပေသည်။