ပေါင်မြို့နယ်တွင် သင်္ကြန်အကြိုနေ့၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိ

ပေါင် ဧပြီ ၁၄

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

ရေကစားရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ စတုဒိသာများ‌ ကျွေးမွေးဧည့်ခံကြပြီး ရေပက်ခံအဖွဲ့များက မော်တော်ဆိုင်ကယ်၊ အငှားယာဉ်၊ ကိုယ်ပိုင်ကားတို့ဖြင့် ရေကစားမဏ္ဍပ်အတွင်းရှိ စတုဒိသာများ ဝင်ရောက်စားသောက်ကြပြီး ရေပက်ခံထွက်လျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)