ကျောက်တံတား ဧပြီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသကြန်ပွဲတော် ပိတောက်ရွှေဝါရေ ကစားမဏ္ဍ့ပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီအချိန်က ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ အဆိုပါ မဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပိတောက်ရွှေဝါရေ ကစားမဏ္ဍ့ပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးစံကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးမြင့်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ ယိမ်းအကလှပျိုဖြူများအား အတာရေအေးပက်ဖြန်းခဲ့ကြ သည်။ ထို့နောက် ရေပက်ခံထွက်လာသည့် ပြည်သူများအား အတာရေပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။
(သဇင်-ပြန်/ဆက်)