ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး ဧပြီ ၁၄

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ရွှေစည်းခုံဘုရားကြီးအနီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးအနီး ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက မဟာသင်္ကြန်နှုတ်ခွန်းဆက်အမှာစကားပြောကြားကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စီမံအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးရဲနိုင်တို့က မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဌာနဆိုင်ရာယိမ်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာယိမ်းအဖွဲ့များ၊ မဟာသင်္ကြန်ပွဲတော် ဝါသနာရှင်ယိမ်းအဖွဲ့များ၊ တပင်တိုင်ယိမ်းအကတို့ဖြင့် “မြူမှောင်ဝေကင်း၊ မန်းတောင်ရိပ်ခို”သီချင်းတို့ဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေကြကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက အောင်သပြေခက်များဖြင့် အတာရေပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း