တောင်ကုတ် ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်နှစ် ၂၀၂၄ ခုနှစ်တွင် ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းမှစတင်၍ တောင်ကုတ်မြို့ပေါ်ရှိ စေတီဘုရားပုထိုးများတွင် ရိုးရာမပျက်ရေသပ္ပါယ် ကာကောင်းမှုကုသိုလ် ပြုလုပ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါရေသပ္ပါယ်ပူဇော်ရာတွင် တောင်ကုတ်မြို့ပေါ်ရှိ တန်ခိုးကြီးဘုရားပုထိုးစေတီများနှင့် ရုပ်ပွားတော်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ၀န်ထမ်းများ ၊ ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ လူပျို အပျိုအဖွဲ့များက နံ့သာရည်များဖြင့် ရေသပ္ပါယ်ကောင်းမှုကုသိုလ် ပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)