သာယာဝတီမြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ

 သာယာဝတီ ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ညနေ ၅ နာရီက သာယာဝတီမြို့နယ် လွတ်လပ်ရေးကျောက်တိုင်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဌာနဆိုင်ရာမိသားစုများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစန်းဝင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားသည်။ 

ထို့နောက် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ အတွင်းရေးမှူး ဒုတိယ ရဲမှူးကြီး ဉာဏ၊ အဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း၊ မြို့နယ်မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟို၊ အတွင်းရေးမှူး ဒုတိယရဲမှူး ရဲစိုး၊ အဖွဲ့ဝင်-၁ ဗိုလ်မှူး ကြည်မျိုးလွင်၊ အဖွဲ့ဝင်-၂ ဦးမန်းလေးတို့က မြန်မာ့ရိုးရာမဟာသင်္ကြန်န်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးသည်။

ယင်းနောက် ယိမ်းအဖွဲ့များနှင့်ပြည်သူ (၁၅၀၀)ခန့်တို့အား အောင်သပြေခက်ဖြင့် အတာရေ ပက်ဖျန်း၍ သင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြပြီး ယိမ်းအဖွဲ့သမီးပျိုများက "မန်းတောင်ရိပ်ခို၊ မြူမှောင်ဝေကင်း" အတာသင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများက အတာရေးသင်္ကြန်ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။ 

ခရိုင် (ပြန်/ဆက်)