နတ်တလင်း ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မောင်မောင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ယိမ်းအဖွဲ့များက "မြူမှောင်ဝေကင်း" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး နတ်တလင်းမြို့နယ် ဗဟိုမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာသော ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်မိရပ်ဖများက တက်ရောက်လာသူ များနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရေများပက်ဖျန်း၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြကာ ယိမ်းအက အလှများဖြင့် ဖျော်ဖြေခဲ့ကြသော လှပျိုဖြူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပျော်ရွှင်စွာ ရေပက်ကစားကြကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)