တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ယိမ်းအဖွဲ့များအား ကြည့်ရှုအားပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပါဝင်ဆင်နွှဲ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကမ်းနားလမ်းတစ်လျှောက်ရှိ မဏ္ဍပ်များမှ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းခဲ့ကြကာ လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်။