မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းတင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နတ်မောက်မြို့နယ်၌ မြေအောက်ရေသွင်းစိုက်ပျိုးသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် အင်းကုန်းကျေးရွာတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းများ မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “ပန်းခင်း”စီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်ပြုလုပ်ပေးနိုင်ရေး စာရင်းလိုက်လံကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား “ပန်းခင်း”စီမံချက်(၃)ဖြင့် တိုင်းရင်းသား/ ဥပဒေအရနိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး လိုက်လံစာရင်းကောက်ယူခြင်းကို မေလ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ် (လဝက)ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက အမှတ်(၉၂)ရပ်ကွက်၊ အပိုင်း(၂)ဓမ္မာရုံ၌ စာရင်းများကောက်ယူခဲ့ကြောင်းသိရသည်။

မြို့သစ်မြို့နယ်တွင် စာစီစာကုံးရေးသားနည်းသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင် အခြေခံကျကျ ရေးသားတတ်စေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူဒါန်း

၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်စခန်းတွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များစုပေါင်း၍ သံဃာတော် ၅ ပါးပင့်ဖိတ်ပြီး အာရုဏ်ဆွမ်းနှင့် အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းပရိက္ခရာနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ၅ ပါးသီလခံယူခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရား နာယူခြင်းတို့အား ခရိုင်/မြို့နယ်စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေ ၅ ရက် နံနက် (၉) နာရီအချိန်က ရမည်းသင်းခရိုင် မီးသတ်စခန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ချောင်းသာမြို့တွင် (၂၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဆင်ယင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွာသစ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် (၂၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆင်ယင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို  ယမန်နေ့ နံနက် (၈:၀၀) နာရီက  ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစား တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။  

မင်းလှမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ် လျော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် ဘားအံမြို့နယ်မီးသတ်စခန်းသစ် ဖွင့်လှစ်

(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် မီးသတ်စခန်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ သီရိလမ်းရှိ အဆိုပါမီးသတ်စခန်း၌ ကျင်းပသည်။
Subscribe to