ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (၃/၂၀၂၄) ဖွင့်လှစ်သင်ကြားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြင်ပပညာရှင်များ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ တိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၉) နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိ​သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင် နှစ် လူရည်ချွန် ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ဆရာမများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ သည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်းအမှတ်စဥ် (၁/၂၀၂၄)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းနှင့်တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

ပြင်ဦးလွင်မြို့ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်/မယ်ရှစ်ဦးနှင့် အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပန်းအိမ်ကိုယ်ပိုင်ကျောင်းတို့ ပူးပေါင်း၍ ပြင်ဦးလွင်ခရိုင်မှ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်/မယ်ရှစ်ဦးနှင့် အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် ပလတ်စတစ်အိတ်သုံးစွဲမှု‌ လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲ စေရန်ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်းရရှိ

ပင်လယ်ရေငန် ဒေသများနှင့် ဒီရေတောဒေသများတွင် ပေါက်ရောက်လေ့ရှိသည် ဓနိပင်များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ဘက်တစ်လျှောက် ပေါများစွာ ပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့ မိုးရာသီရောက်ခါနီး မိုးကြိုကာလ၌ ဘိုကလေး‌ဒေသထွက် ဓနိများ ဈေးကွက်အတွင်း၌ ဈေးကောင်းရရှိလျက်ရှိသည်။

သရက်ချောင်းမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များစိုက်ပျိုးကြပြီး ဒူးရင်းသီးများ စတင်ပေါ်ထွက်ချိန်တွင် ဈေးကောင်းရရှိနေကြောင်း ဒူးရင်းသီးစိုက်ပျိုးရောင်းချသူ ဒေါ်တင်နုက ပြောသည်။

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး‌

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျန်းမာရေးဌာနမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to