နတ်မောက် မေ ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဒေသအတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက် အင်းကုန်းကျေးရွာတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းများ မြေအောက်ရေပေးသွင်းခြင်းဖြင့် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ နွေနှမ်းကို မတ်လဆန်းပိုင်းမှ စတင်စိုက်ပျိုးပြီး စိုက်ပျိုးသည့် နှမ်းမျိုးမှာ စိန်ပတ်လည် မျိုးဖြစ်ပါတယ်။၊ နွေနှမ်းစိုက်ပျိုးသည့်အခါ မစိုက်ပျိုးမီ (၅) ရက်ခန့် ရေသွင်းပြီးမှ ထယ်ရေးပြုပြင်ကာ စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း၊ ရေကို (၁၀) ရက်ခြား သွင်းပေးရပါတယ်။ နှမ်းတစ်ဧကစိုက်ပျိုးမည်ဆိုပါက နှမ်းမျိုးစေ့ (၃)ပြည်ခန့် ကုန်ကျကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အသိပညာပေးဆောင်ရွက်မှုဖြင့် သိပ္ပံ နည်းကျစိုက်ပျိုးမည်ဆိုပါက အပင်များအောင်မြင်ဖြစ်ထွန်းကာ အထွက်နှုန်းပိုမိုကောင်းမွန်ပါတယ်”ဟု နွေနှမ်းစိုက်ပျိုးသူ ကိုဇော်ဝင်းကပြောသည်။
နွေနှမ်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာပေးစခန်းများအလိုက် စိုက်ခင်းများအရောက် ကွင်းဆင်းကာ နည်းပညာများပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် ဘုန်းတော်ပြည့်ကျေးရွာနှင့် န/ကျားထူး ကျေးရွာရှိ တောင်သူများသည်လည်း နွေနှမ်းများ စိုက်ပျိုးထားကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မူမူစန်း