ပြင်ဦးလွင် မေ ၆
၂၀၂၄ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ပြင်ဦးလွင်ခရိုင် မီးသတ်စခန်း၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အငြိမ်းစား တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးက (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းပြောကြားပြီး ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ပိုမိုဖြစ်ပွားကြုံတွေ့ရလျက်ရှိပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပထဝီအနေအထားအရ ဒေသအလိုက် မီးဘေး ၊ ရေဘေး ၊ မုန်တိုင်းဘေး ၊ ငလျင်ဘေး ၊ ဆူနာမီဘေး ၊ မြေပြိုဘေး ၊ မိုးခေါင်ရေရှားဘေး အစရှိတဲ့ ဘေးအန္တာရာယ်များနှင့် အခြားသော ဓာတ်တုပစ္စည်း၊ ဇီဝပစ္စည်း၊ ရေဒီယိုသတ္တိကြွပစ္စည်းများရဲ့ အန္တရာယ်များလည်း ပိုမိုဖြစ်ပွားလာသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့အနေဖြင့် လူ၊ အထောက်အကူပြု ယာဉ်/စက်ပစ္စည်းတွေနဲ့ နည်းပညာဆိုတဲ့ အခြေပြုကဏ္ဍ (၃) ရပ်ကို ဟန်ချက်ညီအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားကြဖို့နဲ့ စီမံဆောင်ရွက်ထားကြဖို့ ပြောကြားခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော မီးသတ်တပ်ဖွဲ့ဝင်များအား ဆုများ ချီးမြှင့်ခြင်းနှင့် အငြိမ်းစား မီးသတ်ဝန်ထမ်းဟောင်း (၃) ဦးအား ဂါရဝပြုလက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် အသုံးပြုသည့် အထောက်အကူပြု ပစ္စည်းများအား ပြသထား၍ တပ်ဖွဲ့ဝင်များနှင့် စုပေါင်းအမှတ်တရ မှတ်တမ်းရိုက်ကူးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)