ကျောက်ဖြူမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါန ပုဇွန်သားပေါက်လွှတ်ခြင်းများဖြင့် ကောင်းမှုကုသိုလ်ပြု ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်ကာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး နှစ်ဆန်းတစ်ရက်၊ ယမန်နေ့ ညနေ ၄ နာရီက အန္တရာယ်ကင်းပရိတ်တရား နာယူခြင်း၊ မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်ကာ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းနှင့် ဇီဝိတဒါနပုဇွန်သားပေါက်လွှတ်ခြင်းတို့ဖြင့် ကောင်းမှုကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မြန်မာ့ရိုးရာဓ‌လေ့ထုံးတမ်းအစဉ်အလာများအရ မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ကြခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

မြောင်းမြမြို့နယ်လုံးဆိုင်ရာ (၈၇) ကြိမ်မြောက် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲလှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ (၈၇) ကြိမ်မြောက် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စာရေးတံမဲ လှူဒါန်းပွဲ အခမ်းအနားကို မြန်မာနှစ် ဆန်းတစ်ရက်နေ့ ယမန်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC ယာယီတိမ်းရှောင်စခန်းတွင် နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်လာသော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်းမှ နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကိုစွန့်ခွာ၍ မိုင်းနားကျေးရွာ မိုင်းနား စိန့်ဂျိုးဇက် (RC) စခန်းသို့ ယာယီ တိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧပြီ ၁၇ ရက် ညနေ ၃ နာရီက သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ကျောက်ဖြူ(ဘိုးဘွားရိပ်သာ)သို့ သွားရောက်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီလရှင်ကျောင်းနှင့် ကျောက်ဖြူဘိုးဘွားရိပ်သာသို့ သွားရောက်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ကျိန္တလီမြို့၊​ ရှောက်ကုန်းကျေးရွာတွင် (၁၇) ကြိမ်မြောက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ရှောက်ကုန်းကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပရဟိတလူငယ်များ၊ ကျေးရွာနေပြည်သူများစုပေါင်း၍(၁၇)ကြိမ်မြောက် အသက် (၇၀) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ၁၃၈၆ခုနှစ် ယမန်နေ့ ညနေပိုင်းအချိန်က ရှောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

ညောင်ဦးအကျဉ်းဦးစီးဌာနတွင် ပြစ်ဒဏ်ခံရသူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၉/၂၀၂၄) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲအခမ်းအနားကို ညောင်ဦးအကျဉ်းထောင်ဝန်းရှိ ဓမ္မာရုံ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

လေးမျက်နှာမြို့တွင် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ခမောက်စုအုပ်စု၊ ခမောက်စုကျေးရွာတွင် ခမောက်စု-နွယ်နီရိုး ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to