ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ “ပန်းခင်း”စီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်ပြုလုပ်ပေးနိုင်ရေး စာရင်းလိုက်လံကောက်ယူ

ဒဂုံဆိပ်ကမ်း မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊  မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်နေပြည်သူများအား  “ပန်းခင်း”စီမံချက်(၃)ဖြင့် တိုင်းရင်းသား/ ဥပဒေအရနိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး လိုက်လံစာရင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်(လဝက)ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက အမှတ်(၉၂)ရပ်ကွက်၊ အပိုင်း(၂)ဓမ္မာရုံ၌ စာရင်းများကောက်ယူခဲ့ကြောင်းသိရသည်။
ယင်းသို့ စာရင်းကောက်ယူရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူနှင့် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူနှင့် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူ စသည့်အချက်လေးချက်ဖြင့် လိုက်လံစာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဖြိုးစန္ဒာကျော်(ပြန်/ ဆက်)