ညောင်ဦး မေ ၆
၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်စခန်းတွင် ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များစုပေါင်း၍ သံဃာတော် ၅ ပါးပင့်ဖိတ်ပြီး အာရုဏ်ဆွမ်းနှင့် အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းပရိက္ခရာနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ၅ ပါးသီလခံယူခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရား နာယူခြင်းတို့အား ခရိုင်/မြို့နယ်စုပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအား နံနက်စာဖြင့် တည်ခင်းဧည့်ခံကြွေးမွေးခဲ့ကြပြီး ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးသက်နိုင်၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်စခန်း ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ကျောက်စစ်ကန်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူကာ ဆရာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းကပ်လှူခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း