မကွေးအကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၁၀၀)ဦး လွတ်ငြိမ်းခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ မကွေးအကျဉ်းထောင်မှ အကျဥ်းသား (၇၈)ဦးနှင့် အကျဉ်းသူ (၂၂) ဦး စုစုပေါင်း (၁၀၀)ဦးအား ယမန်နေ့ မွန်းလွဲပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သက်ကြီးဘိုးဘွားများအား ကန်တော့ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများအား ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော် ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကန်တော့ခံသက်ကြီးဘိုးဘွားများ တက်ရောက်ကြသည်။

မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ပြည်အကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ ၄၀ ဦး လွတ်ငြိမ်းချမ်းသာခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် ပြည်မြို့အကျဥ်းထောင်မှ အကျဥ်းသား/အကျဥ်းသူ စုစုပေါင်း ၄၀ ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက လွတ်ငြိမ်းခွင့်ပြုပေးကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၂၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စုအတွင်းရှိ အကျဉ်းဦးစီးဌာန၊ အမှတ်(၁) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမ၌ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ(၁၇) ရက်နေ့ မွန်းလွဲ(၁၂)နာရီခွဲအချိန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁၇.၄.၂၀၂၄) ရက်စွဲပါ အမိန့်အမှတ်(၃၀/၂၀၂၄)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်

ကချင်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၇ နာရီက မြစ်ကြီးနားမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

မာန်အောင်မြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားဒေသစာရီလှည့်လည်ပူဇော်ခံပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့  မြို့မကျောင်းကြီး ကုသိနာရုံအဖွဲ့ကကြီးမှူး၍ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည်ပူဇော်ခံပွဲကို ယမန်နေ့နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည် ပူဇော်ခံခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီတွင် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာကန်တော်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရာက်ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဥ်းသူ (၅၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မတိုင်မီ၊ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ)အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ်၊ ရှမ်းပြည်နယ်လက်နက်အမိန့်အရ ပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဥ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသား၊ အကျဥ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလျက်ရှိရာ ယနေ့နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင်  တောင်ငူအကျဥ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ အကျဥ်းသား၊ အကျဥ်းသူ (၅၄)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
Subscribe to