ချောင်းသာ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွာသစ်ဘုန်းတော်ကြီး ကျောင်းတိုက်တွင် (၂၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဆင်ယင်ကျင်းပ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲသို့ ချောင်းသာမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ကျောင်းတိုက်အသီးသီးမှ ပင့်သံဃာအရှင်မြတ်များ ကြွရောက်ချီးမြှင့် ရွတ်ဖတ်ပူဇော်ပြီး ဆွမ်း၊ ဆေး စသည်များ ပြီးပြည့်စုံစေရန်အတွက် မတည်အလှူရှင်များနှင့် ဒါယကာ၊ ဒါယိကာမများက စုပေါင်းလှူဒါန်းကြသည်။
အဆိုပါ အသံမစဲမဟာပဠာန်းရွတ်ဖတ် ပူဇော်ပွဲအား ၁၃၈၆ ခုနှစ်၊ တန်ခူးလဆုတ် (၈) ရက်၊ ၂၀၂၄ ခုနှစ်၊ မေလ၊ ၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိပြီး ၁၃၈၆ ခုနှစ်၊ တန်ခူးလဆုတ် (၁၃) ရက်နေ့၊ ၂၀၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့အထိ ရွတ်ဖတ်သံဃာအပါး (၄၀) ဖြင့် (၆)ရက်တိုင်တိုင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)